(၅၀)ကြိမ်မြောက် ရွှေရတုမြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” (တတိယနေ့) ဆက်လက်ကျင်းပ

ဗဟန်း ဖေဖော်ဝါရီ ၂၄

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “(၅၀)ကြိမ်မြောက် ရွှေရတုမြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” တတိယနေ့ကို ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာနတွင်  ဆက်လက် ကျင်းပသည်။

ယနေ့နံနက်ပိုင်းတွင် မြန်မာပြည်အတွက် အရေးပါသော ကျန်းမာရေးပြဿနာဖြစ်သည့် တီဘီ ရောဂါနှင့် အသည်းရောင်အသားဝါ ဘီရောဂါဆိုင်ရာ သိကောင်းစရာများကို “ဆေးယဉ်ပါး တီဘီကုထုံးသစ်များနှင့် အသည်းရောင်အသားဝါဘီပိုးမျိုးကွဲများနှင့် မျိုးဗီဇပြောင်းလဲမှုများ (Myanmar-Korea Joint Symposium (2022): New insights to combat infectious diseases: BPaL DR-TB regimen and molecular approach to Hepatitis B)”ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲ ပြုလုပ်သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် သဘာပတိများအဖြစ် ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာလှိုင်မြတ်သူနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Pusan National University မှ ပါမောက္ခ Jae Hun Cheong တို့က ဆောင်ရွက်ခဲ့ကြပြီး ကိုရီးယားသမ္မတနိုင်ငံ၊  International Tuberculosis Research Center မှ Chairman of the Board၊  Dr Sun  Dae Song က အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံမှ Regional Technical Consultant, LIFT-TB Project for KNCV, Dr. Maria Imelda D Quelapio က BPaL ဆေးယဉ်ပါး တီဘီကုထုံးနှင့် LIFT–TB စီမံချက်ကို လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၊ Pusan National University မှ Prof. Jae Hun Cheong က အသည်းရောင် အသားဝါဘီပိုး၏ ဗီဇပြောင်းလဲမှုဆိုင်ရာ အရေးပါမှုများကိုလည်းကောင်း၊ ကိုရီးယား သမ္မတနိုင်ငံ၊ Inje University College of Medicine မှ Prof. Jae Gook Shin က ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန်တွင် လူနာအခြေပြုတီဘီရောဂါ ကုသခြင်းများကို လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားတီဘီတိုက်ဖျက်ရေး စီမံကိန်းမှ တီဘီအထူးကု ဆရာဝန်ကြီး ဒေါက်တာဇော်မြင့်က မြန်မာနိုင်ငံတွင် ကုသလျက်ရှိသော ဆေးယဉ်ပါးတီဘီ ကုထုံးသစ်များကိုလည်းကောင်း၊  ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရီရီကျော်က မြန်မာနိုင်ငံတွင် တွေ့ရှိရသော အသည်းရောင် အသားဝါ ဘီပိုး၏ ဗီဇမျိုးကွဲများနှင့် ၎င်းတို့၏ရောဂါကုသမှုတွင် သက်ဆိုင်မှုများကိုလည်းကောင်း ဆွေးနွေးတင်ပြ အသိပညာ ဖလှယ်ခဲ့ကြသည်။

ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသော ဒေါက်တာဦးဝင်းမောင် (ညွှန်ကြားရေးမှူး-ငြိမ်း၊ ရောဂါနှိမ်နင်းရေး)၊ ဒေါက်တာလှကြင် (ဆေးရုံအုပ်ကြီး-အငြိမ်းစား၊ အထွထွေ ရောဂါကုဆေးရုံသစ်ကြီး/ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တီဘီအသင်း)၊ ဒေါက်တာခင်ချစ် (ဒုတိယန်ကား ရေးမှူးချပ်၊ အစားအသောက်နှင့့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန) တို့က လည်းကောင်း၊ ဗီဒီယိုကွန်ဖရင့်စနစ် (Virtual) ဖြင့် တက်ရောက်သော ပါမောက္ခများနှင့် ဆေးပညာရှင်များကလည်းကောင်း မေးမြန်းဆွေးနွေးခဲ့ကြသည်။

ညီလာခံတတိယနေ့၊ ညနေပိုင်း အစီအစဉ်များတွင် အခြေခံသုတေသနစာတမ်း၊ အသုံးချ သုတေသနစာတမ်း၊ လူမရေးနှင့် ကျန်းမာရေးစနစ် သုတေသန စာတမ်း စုစုပေါင်း (၉)စောင်ကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တင်ပြကရာတွင် အစားအသောက်နှင့့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယ န်ကားရေးမှူးချပ် ဒေါက်တာခင်ချစ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယန်ကားရေးမှူးချပ် ဒေါက်တာထင်လင်း၊ ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာမေပြုံးကျော်တို့က  သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။ စာတမ်းနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းသူများ ကလည်း ဗီဒီယိုကွန်ဖရင့်စနစ်တွင် ပါရှိသည့် သတ်မှတ်နေရာမှတစ်ဆင့် မေးမြန်းဆွေးနွေးကပီး စာတမ်းရှင်များက ပြန်လည် ဖြေကြားပေးခဲ့သည်။

ညီလာခံဝက်ဒ်ဆိုဒ်တွင် ပိုစတာများကို အီလက်ထရောနစ် ပိုစတာ(E-poster)ဖြင့် ပြသထား၍ https://conference.myanmardmr.org ဝက်ဘ်ဆိုဒ်တွင် အခမဲ့စာရင်းပေးသွင်းမှတ်ပုံတင်ပြီး ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ ညီလာခံကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့ထိ ကျင်းပမည်ဖြစ်​ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)