ရွှေပြည်သာမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Russia Sputnik Light) ထိုးနှံပေး

ရွှေပြည်သာ  ဖေဖော်ဝါရီ   ၂၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အသက် (၁၈နှစ်အထက် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (Russia Sputnik Ligt) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (နာရီအချိန် က ကျောင်းကုန်းကျေးရွာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆေးထိုးသူများ စနစ်တကျဆေးထိုးနိုင်ရန်နေရာများ စီစဉ်ဆောင်ရွက်ထားခြင်း၊ ဆေထိုးပြီးသူများနားနေနိုင်ရန် နေရာများ ထားရှိခြင်းနှင့် ဆေးထိုးသူများအား အစဉ်ပြေချောမွေ့အောင် ဆေးထိုးနိုင်ရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်  အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင် သိရသည်။

နေမျိုးထွန်း (ရွှေပြည်သာ)