ညောင်ဦး ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ စန္ဒကူးပင်ပျိုး ထောင် ရောင်းချသူများ ပျိုးပင်ပြတ်သည်အထိ ရောင်းချရခြင်းကြောင့် လာမည့်နှစ် ပြန်လည် ပျိုးထောင်ချိန် စန္ဒကူးပင်(မျိုး)ပျိုထောင်သူ များပြားလာနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာ စန္ဒကူးမျိုးစေ့ပျိုးထောင်ရောင်းချသူ ဦးဝင်းမောင်မှ ပြောကြား၍ သိရသည်။
စန္ဒကူးပင်စိုက်ပျိုးမှုများပြားလာခြင်းနှင့်အတူ ညောင်ဦးမြို့နယ် လက်ပံခြေပေါ် အုပ်စု၊ ကျေးရွာ များ၊ သစ်ထောင့်ကျေးရွာများ၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက် အုပ်စု၊ ဆည်ပေါက်ရွာ၊ ညောင်ကန်ရွာနှင့် အင်ချောင်းကျေးရွာများသည် ပျိုးပင်မျိုးစုံ စိုက်ပျိုး၊ ပျိုးထောင်ရောင်းချ ကျေးရွာများဖြစ်ကာ၊ မာလကာ၊ သရက်မျိုးစုံ၊ ပိန္နဲ၊ အုန်းပင်၊ နှင်းဆီ မျိုးစုံ၊ နံ့သာနီ၊ မယ်ဇလီ၊ မယ်ဇယ်၊ ဆူးပုတ်၊ဩဇာ၊ ခေါင်နှိမ်ပန်း၊ပေါက်ပန်းဖြူ/နီ၊ လေခြူ ပင်၊စသည့်ပျိုးပင်မျိုးစုံ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့် ကျေးရွာများဖြစ်ကြပြီး၊ တနှစ်တနှစ်အတွင်း သရက်ပင်မျိုးစုံနှင့် စန္ဒကူးပျိုးပင်ရောင်းချရမှုများပြားကြောင်း ယခုနှစ် မိုးရွာသွန်းမှု ကောင်း ခြင်းနှင့်အတူ စန္ဒကူးပျိုးပင် များဝယ်ယူရောင်းချရမှုအလွန် များပြားခြင်းကြောင့် ပျိုးပင်စိုက်ပျိုး ရောင်းချသူများပျိုးပင်ပြန်သည်အထိရောင်းချရပြီး ဈေးကောင်းလည်းရရှိကြကြောင်း သိရသည်။
စန္ဒကူးပျိုးထောင်ခြင်းအား စန္ဒကူးပင်အသီးသီးချိန် အစေ့ကောက်ယူ၍ သဲပုံပေါ်အစေ့များ ပက်ထားပြီး၊ပျိုးထောင်ရကြောင်း၊ အချို့ပျိုးပင်ထောင်သူများက စန္ဒကူးပင်အောက် အလေ့ကျ ပေါက်သည့် အပင်ပေါက်များကို မိုးသည်းထန်စွာရွာသွန်းချိန် နှုတ်ယူပြီးပျိုး အိတ်ပြောင်းထည့် ပျိုးထောင်ကြကြောင်း၊ စန္ဒကူးပင်ပျိုးထောင်ပြီး နှစ်နှစ်သားမှ ငါးနှစ် သားအထိ အိတ်သုံးမျိုး လောက်ပြောင်းပြီး အပင်ကြီးထွားမှစိုက်ပျိုးလျှင် စိတ်ချရကြောင်း စန္ဒကူးဈေးနှုန်းလည်း အပင်သန်မာကြီးထွားမှု၊ ပျိုးပင်ဖြောင့်မှုဖြင့် ဈေးနှုန်းကွာခြား ကြောင်းသိရသည်။ တစ်နှစ်သား အပင်တစ်ပင်ငါးရာကျပ်၊ နှစ်နှစ်သားနှင့်သုံးနှစ်သားအပင်များ လေးထောင်ငါးရာကျပ်မှ ခြောက် ထောင်ကျပ်ထိရောင်းချရကြောင်း လည်းသိရ သည်။ စန္ဒကူးပျိုးထောင်ရာတွင် အလွန်ဂရုစိုက်ရပြီး ပျိုးအိတ်ထဲတွင် ကပ်ပါးပင်တစ်မျိုးမျိုးနှင့် အတူပျိုးထောင်မှသာ အပင်ရှင်သန်ကြီးထွား မြန်ပြီး၊ စန္ဒကူးပင်အမြစ်အား ပိုးကိုက်ပါက အသေမြန်ခြင်းနှင့်ရေဓာတ်ကာကွယ်ရန် ကပ်ပါးပင် ဖြင့်စိုက်ပျိုးရကြောင်းလည်းသိရသည်။ ယခုနှစ်ပိုင်းအတွင်း နှစ်ရှည်ပင်ဖြစ်သည့် စန္ဒကူးခြံ စိုက်ပျိုးမှုများပြား လာခဲ့ပြီး ပျိုးပင် ပျိုးထောင်ရောင်းချသူများပျိုးပင် ပြတ်သည်ထိ ရောင်းချရ ခြင်းများကြောင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြပြီး ပျိုးပင်ပျိုးထောင်ရောင်းချမှုပိုမိုများပြား လာနိုင်ကြောင်း ညောင်ဦးမြို့နယ်၊ စန္ဒကူးပျိုးပင်ပျိုးထောင်ရောင်းချသူ ဦးဝင်းတင့်ထံမှ သိရသည်။
ကိုထိန်၊KPD