သံတွဲ ဖေဖေါ်ဝါရီ ၂၄
သံတွဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covaxin / Sinopharm ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀နာရီမှ စတင်၍ သံတွဲမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစင်တာများ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ပဥ္စမအသုတ်(ဒုတိယ)အကြိမ် အဖြစ်ထိုးနှံ ရာတွင် အခြားဝင်ငွေရှိသော လုပ်ငန်း လုပ်ကိုင်သူ(၅)ဦး ကိုထိုးနှံပေးခဲ့သည်။
ထို့အပြင် သံတွဲမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ကာကွယ်ဆေးထိုး စင်တာများတွင်တွင် သတ္တမအသုတ် (ပထမ)အကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံသူ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၂၀ ဦး၊ မှီခိုသူ ၁၀ ဦး နှင့် စုစုပေါင်း (၃၀)ဦးအား Covaxin ကာကွယ်ဆေးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်းနှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်လျက်ရှိကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်