မိုးမိတ် ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ကျန်းမာရေးအဆင့်မြင့် ကျောင်းထူထောင်ရေး လုပ်ငန်းစဉ်များ ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် မြို့နယ်ပညာရေးမှူး ဦးရဲထွဋ်တို့က အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာခိုင်မင်းထွန်းက ကျောင်းကျန်းမာရေး ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးရဲလင်းအောင်က ကျောင်းကျန်းမာရေး မှတ်တမ်းကတ် အသုံးပြုခြင်းလုပ်ငန်းလမ်းညွှန်စာအုပ်ပါ အချက်အလက်များအား ရှင်းလင်းပို့ချခဲ့ပြီး အဆိုပါသင်တန်းသို့ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(ခရိုင်ပြန်/ဆက်)