အင်တောမြို့ ကျောက်ဂူဈေးတွင် mask Campaign ပြုလုပ်

အင်တော ဖေဖော်ဝါရီ ၂

 ရှမ်းပြည်နယ် ​တောင်ပိုင်း၊  အင်တောမြို့ ကျောက်ဂူကျေးရွာ ကျောက်ဂူဈေးတွင် ဖေ​ဖော်ဝါရီ အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေးကို ယနေ့ နံနက် ၈ နာရီက အဆိုပါဈေး၌ Mask Campaign ပြုလုပ်ခဲ့သည်။   

Mask Campaignဆောင်ရွက်ရာတွင် အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ကျောက်ဂူကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်မှု များပြားလာသည့် အတွက် ကျေးလက်ပြည်သူများအနေဖြင့်  နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask  စနစ် တကျ တပ်ဆင်သွားလာရန်၊ အရာဝတ္ထုတစ်ခုခု ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောရန်၊ အပြင်မှပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask စနစ်တကျ စွန့်ပစ်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရန်၊ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး ထိုးနှံမှု အကြိမ်ပြည့် မပျက်မကွက်ခံယူရန် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်ပြီး ဈေး‌ရောင်းသူ ဝယ်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေး  Mask (၇၀၀)ခု အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အောင်ခိုင် (ပြန်/ဆက်)