အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-6 second dose၊နှင့် Phase-7 first dose ထိုးနှံခြင်းများ ဆောင်ရွက်

အလုံ   ဖေဖော်ဝါရီလ    ၂၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့နံနက် (၉း၀၀) အချိန်က ၁၈နှစ်အထက်နှင့် ဘိုးဘွားများ၊  ပြည်သူများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၆၊ သံဃာတော် များနှင့် စည်ပင်ဈေး ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို  Phase-6 second dose၊နှင့် Phase-7 first dose ထိုးနှံခြင်းကို ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊  ကျန်းမာရေး စစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၂၃၆၁၉)ဦးအား ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံပြီးပြီဖြစ်ပြီး  ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံခြင်းကို တနင်္လာ၊ ဗုဒ္ဒဟူး​နေ့နှင့် ​သောကြာ​နေ့များတွင် နံနက်(၉း၀၀)နာရီမှ (၁၁း၀၀)နာရီအထိ ထိုးနှံ​ပေးလျက်ရှိ​​ကြောင်း သတင်းရရှိသည်။

တင်တင်ချို(ပြန်/ဆက်)