ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ဘားအံ ဖေဖော်ဝါရီ  ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်  လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲTalk Show ကို ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခက်ခက်လွင်က ပြည်သူများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်ကို ကြိုတင်ကာကွယ် နိုင်ရန်နှင့် လူကုန်ကူးမှုနှင့်ပတ်သက်သော အသိပညာဗဟုသုတ များရရှိစေရန် ရည်ရွယ်ချက်ဖြင့်  အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ အမှတ်(၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှူးရုံး(ဘားအံ)မှ တပ်ဖွဲ့စုမှူး ရဲမှူး တင့်ဆွေက လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု ကွဲပြားမှုအကြောင်းအရာများ၊ လူမှောင်ခိုမှုနှင့်ပတ်သက်၍ အရေးယူမှုများ၊ ကရင်ပြည်နယ်တွင် လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုဖြစ်ပေါ်မှု အကြောင်းအရာများ၊ လူကုန် ကူးမှုပြစ်ဒဏ်နှင့် လူမှောင်ခိုမှု ပြစ်ဒဏ်များ၊ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရန် ပြည်သူလူထု အနေဖြင့် ဝိုင်းဝန်းပူးပေါင်းကြရန်နှင့် လူကုန်ကူးမှုဖြစ်ပေါ်လာပါက  နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေး မြို့နှင့် မူဆယ်မြို့များတွင် ဖွင့်လှစ်ထားသည့် ဆက်သွယ်သတင်းပေးပို့နိုင်သည့် Hot Line ဖုန်းနံပါတ်များ ကို  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)