ကျောက်တံတားမြို့နယ်အတွင်း အသက် (၁၈)နှစ်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

ကျောက်တံတား ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို  ကာကွယ် ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်() ရပ်ကွက်၊ မဟာဗန္ဓုလလမ်း နှင့် ၃၅လမ်းထိပ် (ယခင်ထွေ/အုပ်ရုံးဟောင်းရှေ့)တွင် နံနက် (၁ဝ:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီထိ Covishield  Phase 6 (Second Dose) ထိုးနှံသူ စုစုပေါင်း (၁၇၆)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)