ကော့သောင်း ဖေဖေါ်ဝါရီ ၂၅
ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုဗစ်၁၉ရောဂါ ထိန်းချုပ်မှုလုပ်ငန်းစည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ရွှေဇင်ယော် ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လက်ရှိကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)ပြည့်ပြီး မိသားစုဝင်များနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ အကြောင်းအကြောင်းကြောင့် နိုင်ငံသား ကတ်ပြားပျောက်ဆုံးပျက်စီးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရန် ကျန်ရှိ သေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ပန်းခင်းစီမံချက်ဖြင့် (၁၈)လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိပြီး စီမံချက်ကာလအတွင်း မြို့နေပြည်သူများ နိုင်ငံသားကတ်ပြားများ လူတိုင်းရရှိနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ဆောင်ရွက်မှုအဖြစ် ရပ်ကွက်ပြည်သူ(၁၀၇)ဦးအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)