သီပေါ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေခြင်းများကို ယနေ့နံနက်ပိုင်း ၇နာရီအချိန်က ဝက်ဝံယာယီပျံကျဈေးနှင့် မြို့မဈေး၊ လမ်းမတော်လမ်းနှင့် မိုင်းပွန်လမ်းဆုံ မီးပွိုင့်အနီးတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ဒေသခံလမ်းသွားလမ်းလာ ပြည်သူများ၊ ဈေးသူ၊ ဈေးသားများ၊ ခရီးသွားပြည်သူများကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုများ ရှိနေသည့်အတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ပြီးမှ သွားလာကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မဖြစ်မနေ ထိုးနှံကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်းနှင့် ပါးစပ် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိပဲ နေအိမ်ပြင်ပ ထွက်ခွာသူ ပြည်သူများကို ပါးစပ်နှာခေါင်းစည်း (Mask) ၃၅၀၀ ခုကို အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ခင်လေး