ရှမ်းရွာသစ် ဖေဖော်ဝါရီ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေမျာဖြင့် မြို့သန့်ရှင်းသာယာလှပစရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများ ပြည်သူသွားများလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့အမှတ်(၂)ရပ်ကွက်၊ ခေတ်သစ္စာ လမ်းအရှေ့ပိုင်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဖေဖော်ဝါရီလ ဒုတိယအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းများ(၈၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသည် (၂၃၅ပေ×၁၄ပေ×၆လက်မ)ရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေကျပ် (၉၄၀၀၀၀၀/-)သိန်းဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ယခင်ကထက် လမ်းသွား လမ်းလာပိုမို ကောင်းမွန်လာပြီး မြို့သန့်ရှင်းသာယာလှပသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)