အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိ

အလုံ  ဖေဖော်ဝါရီ   ၂၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးနှင့် စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက် (၇း၀၀)နာရီ အချိန်က အလုံမြို့နယ်၊ စောရန်ပိုင်​တောင်ရပ်ကွက်၊ အလုံခန်းမ ရှေ့တွင် ဆန်၊ ဆီ၊ ကြက်ဥနှင့် အသား၊ ငါးများအား  ရောင်းချပေးလျက်ရှိပါကြောင်းသိရသည်။

 ထို့သို့ရောင်းချပေးခဲ့ရာတွင် ရန်ကုန်မြို့‌တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကြက်တစ်ပိဿာ ၆၀၀၀ကျပ်၊ ဆိတ်သားသားတစ်ပိဿာ ၁၇၀၀ဝကျပ်၊ အရိုးအသားတစ်ပိဿာ ၁၂၀၀ဝကျပ်၊ ကလီစာတစ်ပိဿာ ၉၀၀ဝကျပ်၊ အမဲတစ်ပိဿာ ၁၂၀၀ဝကျပ်၊ ဝက်သားအဆီ အသားတစ်ပိဿာ ၁၀၀၀၀ကျပ်၊ ဝက်သားလှိုင်းသား/အသားရှယ်တစ်ပိဿာ ၁၂၀၀၀ကျပ်၊  နံရိုး တစ်ပိဿာ ၉၀၀ဝကျပ်နှုန်းတို့ဖြင့် ​ရောင်းချသည့်အပြင်  ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ဆန်ကုန်သည် ကြီးများအဖွဲ့၏စီစဉ်မှုဖြင့် ပေါ်ဆန်း (၅)ပြည်တစ်အိတ် (၈၅၀၀)ကျပ်၊ ဧည့်မထ (၅)ပြည်တစ်အိတ် (၅၀၀၀)ကျပ်၊ ဆီတစ်ဗူး (၂၃၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိသည်။

အဆိုပါစျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် စည်ပင်သာယာရေးဝန်ထမ်းများက စျေးလာရောက်ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊

တင်တင်ချို