ဂွ ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ပထမ အကြိမ်နှင့် (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးမှုကို ယမန်နေ့နံနက်ပိုင်းက ဆေးထိုးစုရပ် ၃ခုလုံးဖြစ်သည့် သာသနာ့ဗိမ္မာန်၊ ပိန္နဲကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ကျိန္တလီထွေ/ အုပ်ခန်းမတို့တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ဒုတိယအကြိမ်ကို နိုင်ငံ့ဝန်ထမ်း/ မိသားစု (၁၁)ဦးအား လည်းကောင်း၊ (Covaxin) ပထမအကြိမ်ကို သာသနာ့ဝန်ထမ်း(၃)ဦး၊ နိုင်ငံ့ ဝန်ထမ်း/မိသားစု(၁၁)ဦး၊ Super market/စျေး(၆)ဦး၊ အခြားဝင်ငွေရ(၁၂၅)ဦး၊ အခြား/ မိသားစု/ မှီခို(၅၅)ဦး၊ စုစုပေါင်း(၂၀၀)ဦးအား လည်းကောင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်း မပြုမီ စာရင်းများမှတ်ယူခြင်း၊ လာရောက် ထိုးနှံသည့် သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏတိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးကာ ပုံမှန်ကျန်းမာရေးအခြေ အနေရှိသူ များကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများအား မိနစ် ၃၀ ခန့် စောင့်ကြည့်ကာထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်