ကျောင်းကုန်း ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ ဈေးဆိုင်များမှဈေးသည် ဈေးဝယ်များ နှာခေါင်းစည်းတပ်ဆင်အသုံးရေးအတွက် ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေး ခဲ့ကြသည်။
အဆိုပါပူးပေါင်းအဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးခင်မောင်သန်း ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ စားသုံးသူ ရေးရာ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉စည်းကမ်းချက် နှင့်အညီ ဖွင့်လှစ်ရောင်းချစေရေး၊ ဈေးသည်/ ဈေးဝယ်များမှ နှာခေါင်းစည်းတပ်ဆင်အသုံးပြုရေး လိုက်လံ စစ်ဆေးခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါပိုးဖြစ်ပွားမှုနှုန်း အလွန်များပြားလာ သဖြင့်နေ အိမ်ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်း mask မျက်နှာကာ face shield များ တပ်ဆင်မှုရှိ/မရှိ၊ ဘုရားဘုန်းတော်ကြီးကျောင်း၊ အစ္စလာမ်စာသင်ကျောင်းဗလီဝတ်ပြု ဆုတောင်းခြင်းများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်ချက်နှင့် အညီ လိုက်နာမှုရှိ/မရှိ၊ အခြေခံပညာ ကျောင်းများ၊ မြို့အဝင်စစ်ဆေးရေး ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေး ဆောင်ရွက် နေမှုနှင့် လုံခြုံရေးဆောင်ရွက်နေမှုများအား စစ်ဆေးဆောင်ရွက်နိုင်ရန် အဖွဲ့များခွဲကာ ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)