ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာအသိအညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုဆောင်ရွက်

ချောင်းဆုံ  ဖေဖော်ဝါရီ  ၂၅

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး နှင့် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်ခြင်းကို ယနေ့ နံနက်က လူစည်ကားစုဝေးရာ (ရွာလွတ် ဆေးတံအဝိုင်း၊ ကညှော်ဟင်္သာအဝိုင်း၊ သက္ကောလမ်းဆုံ၊ CBZ ဘဏ်ရှေ့၊ မြို့အဝင်တံ တားထိပ်)   နေရာတို့၌ ပြုလုပ်ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ချောင်းဆုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များ၊    မြို့နယ်အဆင့်ဌာနဆိုင်ရာပူးပေါင်း အဖွဲ့တို့က ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကိုစနစ်တကျ တပ်ဆင်သွားလာကြရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ် ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောရန်၊ လက်ကို ဆေးကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ် ခြင်း၊ ထိတွေ့ခြင်းမပြုရန်၊ အပြင်ထွက်ရာက ပြန်လာတိုင်းပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ စွန့်ပစ်ရန်၊ ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို   မပျက်မကွက် ထိုးနှံ မှုခံယူကြရန်၊   ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များတို့ကို ပူးပေါင်းပါဝင်ပေးကြရန် အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)