ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့အခမ်းအနားတွင် ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ်တတိယဆု၊ တူယှဉ်နွှဲပျော်ဂီတပွဲတော် တေးသီချင်းသီဆိုမှုပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ ဆုရရှိသူများနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်းများတွင် ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင် ဝင်း နှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရရှိသူများနှင့်ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိဒေသခံပြည်သူ(၁၁၈၈)ဦးအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများဆက် လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ရှိသူများနှင့်ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် မြောင်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ဆန်နှင့်ခြုံစောင်၊ဇတီးဇလုံများလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကြအိုကျေးရွာအုပ်စု၊မြောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ရက်၊ နံနက် ၁၀ နာရီ ၁၀မိနစ်အချိန်ကမီးလောင်ကျွမ်းခဲ့သည့် အိမ်ထောင်စု များအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ယနေ့နံနက် ၉နာရီအချိန်တွင် ကျေးရွာသူ/ကျေးရွာသားများအတွက် ဆန်နှင့်အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် တစ်နိုင်တစ်ပိုင် (CP) ဥစားကြက်မွေးမြူကာ မိသားစုနေ့စဉ် ပုံမှန်ဝင်ငွေရရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ အချို့သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ စံဖိတ်ကျေးရွာတွင် မိသားစု တစ်နိုင်တစ်ပိုင် (CP) ဥစားကြက် မွေးမြူကာ နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ အိုမီခရွန်​ရောဂါကြိုတင်ကာကွယ်​ရေး ရပ်ကွက်နှင့်​ကျေးရွာများသို့ လှည့်လည်အသိ​ပေးနှိုး​ဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇ​ပြောင်းမျိုးကွဲ သစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်း ကို မြို့နယ်စီမံ အုပ်ချုပ်​ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်​နေ့ ည​နေပိုင်းက မြို့​ပေါ်ရပ်ကွက်နှင့် ​ကျေးရွာများသို့ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုး​ဆော်ခဲ့​ကြောင်း သိရသည်။

မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ပြည်သူများအနေဖြင့် အပြင်ထွက် သွားလာပါက မဖြစ်မနေ နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာမှု ရှိစေရန် ဌာနိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက မြို့လမ်းဆုံနေရာ၌ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနသည် သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ   ရေပြင်အသက်ကယ်ရှာဖွေခြင်း၊   မီးလောင်မှုများ ငြှိမ်းသတ်ခြင်း အပါအဝင် အထပ်မြင့်အဆောက်အဦများတွင် မီးလောင်မှုဖြစ်စဉ်များနှင့်   ငလျင်လှုပ်ခတ်ခြင်းကြောင့် ပိတ်မိနေသော ပြည်သူများ၏ အသက်ကို ကယ်ဆယ်ရာတွင် ခေတ်မီနည်းပညာသုံး ပစ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဘူးသီးတောင်မြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ စည်းရုံးရေး ကော်မတီဝင်များ အသိပညာပေး ဟောပြောပွဲနှင့် ဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျန်အေး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ ဦးဆောင်၍ ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က အမှတ်(၁)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်း စက်ရုံ၀န်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန် တွင် ရပ်ကွက် ( ၁၆) ရပ်ကွက်ရှိအသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covidshield)ထိုးနှံသူ ပထမအကြိမ် စုစုပေါင်း (၁၂၁)ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၁၉၉)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။ လှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ် နှင့်အထက်ပြည်သူများ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ သွားလာရေး အဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်း​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ​ ကျောင်းဝင်းအတွင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က covishield phase 6 (ဒုတိယ)အကြိမ် ထိုးနှံသူ (၃၃) ဦးနှင့် covishield phase 7 (ပထမ) အကြိမ်ထိုးနှံသူ (၇၇)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ (၁၁၀)ဦးအား ထိုးနှံ ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to