မျိုးဗီဇပြောင်း အိုမီခရွန် ကာကွယ်တားဆီးရေး အရှိန်မပျက် ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းများကို အရှိန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိရာ လွိုင်လင်မြို့နယ် အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမရှိစေရန် တောင်ကြီး-လွိုင်လင် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုင်းပွန်မြို့အဝင်တွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပြန်လည်ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောတောင်မြို့အဝင်စစ်ဆေးရေးဂိတ်တွင်ခရီးသွားများအား Maskဝတ်ဆင်ခြင်းရှိ/မရှိစစ်ဆေး၍ Mask Campaign ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏လမ်းညွှန်မှုအရ မောတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်၏ ကြီးကြပ်မှုဖြင့် မောတောင်မြို့အဝင် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက် ၈နာရီအချိန်မှစ၍ လက်ရှိမှာကူးစက်မှုနှုန်း မြင့်တက် နေသောကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့်ဒေသခံ ပြည်သူများနှင့်ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အထများအား ပူးပေါင်း လိုက်ပါဆောင်ရွက်နိုင်ရန်အတွက်Mask ဝတ်ဆင်ခြင်းရှိ/မရှိစစ်ဆေး၍ Mask များဖြန့်ဝေပြီး Mask Campaign ပြုလုပ်ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်၌ Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးဆောင်​ပြီး Mask Campaign ကို ယနေ့နံနက်ပိုင်းက မြို့အဝင်လမ်း၌ အသိပညာပေး၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။

ကမ်းကြီးကျေးရွာတွင် ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာတွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က နေအိမ်တစ်လုံး လျှပ်စစ်မီးသုံးစွဲရာမှတဆင့် ဝါယာရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် လူဦးရေအခြေပြစာရင်း ပြည့်စုံမှန်ကန်စွာ ရေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင်လူဦးရေအခြေပြစာရင်း အ/ပုံစံ ၁(က) ပြည့်စုံ မှန်ကန်စွာရေးသွင်းနိုင်ရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားနေ့အခမ်းအနားနှင့် ပတ်သက်သည့် စကားသံများ

ဦးစိန်မောင်မြင့် တိုင်းဒေသကြီးဦးစီးမှူး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ကျွန်တော်တို့စိုက်ပျိုးရေးဦးစီးဌာန အနေနဲ့ကတော့ တောင်သူလယ်သမားနေ့ အခမ်းအနားမှာ တောင်သူတွေ အသိပညာပေးနိုင်ဖို့ ဟင်းသီးဟင်းရွက်၊ သီးပင်စားပင်နဲ့ ပန်းမန်တွေကို စိုက်ပျိုးပြသပေးထားပါတယ်။

ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်းတွင် သစ်လွင်သူနာပြုများ ခန့်အပ်လွှာပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းမှ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းအောင်မြင်ခဲ့ကြသော သင်တန်းသားများအား သစ်လွင်သူနာပြု ခန့်အပ်လွှာပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန် ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့်နှိုးဆော်

ကိုဗစ်-၁၉အပါအဝင် ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ယနေ့ မွန်းလွဲ၃နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မြို့တွင်း လမ်းမကြီးတစ်လျှောက်နှင့် ရပ်ကွက်လမ်းသွယ်တို့၌ အသံချဲ့စက်ဖြင့် နှိုးဆော်ပေးသည်။

မုဒုံမြို့နယ် ပရဟိတအသင်းများထံသို့ အလှူငွေနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများလှူဒါန်း

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက် လျက်ရှိသော ကြက်ခြေနီအသင်းနှင့် လူမှုကယ်ဆယ်ရေး အသင်းများထံသို့ ယမန်နေ့က အလှူငွေနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများကို လှူဒါန်းသည်။
Subscribe to