မော်လမြိုင် ဖေဖော်ဝါရီ ၂၈
ကိုဗစ်-၁၉အပါအဝင် ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ယနေ့ မွန်းလွဲ၃နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မြို့တွင်း လမ်းမကြီးတစ်လျှောက်နှင့် ရပ်ကွက်လမ်းသွယ်တို့၌ အသံချဲ့စက်ဖြင့် နှိုးဆော်ပေးသည်။
အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် မြန်မာနိုင်ငံတွင် ကူးစက်မှုများတွေ့ရှိရ၍ မိဘပြည်သူများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ဟန့်တား နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ဆက်လက်လိုက်နာ ကျင့်သုံးသွား ကြပါရန်၊ အလှည့်ကျရောက်ရှိလာသည့် ကာကွယ်ဆေးကိုလည်း အကြိမ်ရေပြည့်ဝစွာ ထိုးနှံပေးရန်နှင့် ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)