မောင်တောမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဝါယာရိန်း သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများကို အထောက်အကူပြုစေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ရည်ရွယ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုနှစ် ဘဏ္ဍာရေး နှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဝါယာရိန်း သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန် အောင်ဗလကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။

ဆီဆိုင်မြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် ရေပေးရေး လုပ်ငန်းများအား ကျေးရွာများသို့ လွှဲပြောင်းပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ခု ၆လ ဘဏ္ဍာရေးနှစ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)နှင့် ရေပေးရေးလုပ်ငန်းများအား ကျေးရွာများသို့ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သိန္နီမြို့တွင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းထူထောင်ရေးလုပ်ငန်းစဉ်များ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေးလုပ်ငန်းစဉ်များ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု (၁၉၄၀၀ဝ)ဦး ခုနှစ်ရာခုနှစ်ဆယ်ကိုးဦးထိုးပေးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ၁၉၄၇၇၉ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ် ကြောင်း ညောင်ဦးခရိုင်၊ ကျန်းမာရေးဦးစီးဌာနထံက သိရသည်။

နတ်မောက်၌ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချပြီး မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိ

နတ်မောက်မြို့ရှိ မြို့မရပ်ကွက်၌ ရာသီအလိုက် တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချပြီး မိသားစုအတွက် နေ့စဉ်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ဆရာ၊ ဆရာမများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပြီး ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အထက(မိုင်းဖြတ်) ကျောင်းရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဦးမြို့ အနော်ရထာခန်းမတွင် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးနည်း ပညာပေးသင်တန်းနှင့် (GAP)သီးနှံဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အနော်ရထာခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က တောင်သူလယ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးနည်း ပညာပေး သင်တန်းနှင့် (GAP)သီးနှံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံ

နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်တွင် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်း၍ စာအုပ်များ ငှားပေးလျက်ရှိ

မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်အဖြစ် ပြည်သူ့ စာကြည့်တိုက်မှ စာအုပ်များကို ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ ကွင်းဆင်း၍ ငှားရမ်း ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ပြီး ငှားရမ်းပေးခဲ့ပါသည်။

ဆီဆိုင်မြို့အဝင်ဂိတ်တွင် ဝင်/ထွက်သွားလာသော မိဘပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး

ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း(အိုမီခရွန်)သည် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် ဝင်ရောက် လာသူများမှတဆင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ယနေ့နံနက် ၉ နာရီက ဆီဆိုင်မြို့အဝင်ဂိတ်၌ ဝင်/ထွက် သွားလာသော မိဘပြည်သူများအား  ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နှာခေါင်းစည်းမပါလာသူများအား နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေပေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to