မုဒုံမြို့နယ် ပရဟိတအသင်းများထံသို့ အလှူငွေနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများလှူဒါန်း

မုဒုံ    ဖေဖော်ဝါရီ    ၂၈

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက် လျက်ရှိသော ကြက်ခြေနီအသင်းနှင့် လူမှုကယ်ဆယ်ရေး အသင်းများထံသို့ ယမန်နေ့က အလှူငွေနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများကို လှူဒါန်းသည်။

လှူဒါန်းရာတွင် မုဒုံမြို့နယ် မေတ္တာစံအိမ် (Day Care Family) မှ တာဝန်ရှိသူများက ကိုဗစ်- ၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများ အရောက် အသိပညာပေး လုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်နေသည့် မုဒုံမြို့နယ် ကြက်ခြေနီ အသင်းထံသို့ အလှူငွေကျပ် ၇၅၀၀၀၀ ကိုလည်ကောင်း၊ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ဆက်စပ်ထိတွေ့သည့် လူများအကြို/အပို့ ဆောင်ရွက်နေသည့် မြန်မာ့လူငယ်ပရဟိတ အသင်းထံသို့ အလှူငွေကျပ် ၁၀၄၁၀၀၀ နှင့် Dead Body အိတ် ၁၀ လုံး၊ M 95 နှင့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို လည်းကောင်း သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)