တောင်ကြီးမြို့၌ သူနာပြုသင်တန်းကျောင်း အပတ်စဉ် (၄၄) သူနာပြုရာထူးခန့်အပ်လွှာ ပေးအပ်ပွဲကျင်းပ

သူနာပြုသင်တန်းကျောင်း အပတ်စဉ် (၄၄) သူနာပြု သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ၏ သစ်လွင် သူနာပြုခန့်အပ်လွှာ ပေးအပ်ပွဲကို ယမန်နေ့ညနေ(၄)နာရီက တောင်ကြီးမြို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။

ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်း (၅) ခု ခွင့်ပြုပေးထား

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဘူးသီးတောင်မြို့ မြို့မရဲစခန်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးပြောကြားခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက် ထားရှိမှု ရှိ/မရှိ စစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ် မီးသတ်ဦးစီးမှူး ဉီးစီးအရာရှိ ဦးထွန်းဝင်းနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၈နာရီခွဲအချိန်က ဘူးသီးတောင်မြို့ မြို့မရဲစခန်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးပြောကြားခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုင်းပန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ အားကစားဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက် ၉ နာရီ အချိန်က သွားရောက်ခဲ့ကြောင်း သိရှိရသည်။

သီပေါမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အထိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်း ယနေ့နံနက် (၉)နာရီ အချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးမိတ်မြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (CoviShield) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် (CoviShield) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီ အချိန်အထိ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကစံဘုရားဝန်း အတွင်းရှိ ဓမ္မဗိမာန်ဓမ္မာရုံနှင့် သုဝဏ္ဏ (၂၉)ရပ်ကွက်ရှိ ဓမ္မာရုံတို့တွင် ကျား(၈၂)၊ မ(၈၃) စုစုပေါင်း (၁၆၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအားရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈)နာရီမှ ညနေ (၃) နာရီအချိန်အထိ ကျိုက်နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီမှစတင်၍ ကာကွယ်ဆေးမထိုးနှံရသေးသည့် စက်မှုဇုန်လုပ်သားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေးများကို (၃၈) ရပ်ကွက်၊ မင်္ဂလာအေးကျောင်းတိုက်၊ (၄၇) ရပ်ကွက်ဓမ္မာရုံနှင့် စက်မှုဇုန်တို့၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ ကိုဗစ်-၁၉ ​ရောဂါကာကွယ်ဆေး(COVISHIELD) ဆက်လက်ထိုးနှံ​ပေး

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်း ချုပ်နိုင်ရန်တွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား(COVISHIELD) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ ကမာရွတ်မြို့နယ်၊ အမှတ် (၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ တက္ကသိုလ်များ​ဆေးရုံ (ရန်ကုန်)အ​ရေး​ပေါ်နှင့် ပြင်ပလူနာဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to