ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး Covid Shield နှစ်ကြိမ် ထိုးနှံပြီးစီးသော နိုင်ငံ့ဝန်ထမ်း များအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

သထုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့ ယမန်နေ့၊ မွန်းလွဲ ပိုင်းက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများ စနစ်တကျဖြစ်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့နယ်တွင် ကိုဗစ်လူနာ(၈)ဦးတိုး၍၊ ဆေးရုံမှ(၂၂)ဦးဆင်းသဖြင့် ကုသဆဲ(၃၉)ဦးအထိရှိနေ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါစစ်ဆေးမှုများ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့က တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ ဖျားခြင်း၊ နာစေးခြင်းဖြင့် လာရောက်ပြသူ(၁၉) ဦး အား ဓါတ်ခွဲခန်းအတွင်း ဓါတ်ခွဲကျွမ်းကျင်-၄ နော်ဖေါခူဆေးနှင့်အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၅)ဦး ရောဂါပိုးတွေ့ရှိကြောင်း သိရှိရသည်။

ကမမောင်းမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ”အိုမီခရွန်”ရောဂါပိုးကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါဗီဇပြောင်းမျိုးကွဲ“အိုမီခရွန် ”ရောဂါကူးစက်ပြန့်ပွားမှုကို။ ကာကွယ်တားဆီးထိန်းချုပ်နိုင် ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ်နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီမြို့၌အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်ရောဂါကာကွယ်ဆေး (ပထမ/ဒုတိယ)အကြိမ်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ဦးတည် အုပ်စုအလိုက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းအား ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီလ၂၈ ရက်က ကျန်းမာရေးလမ်းရှိ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် သားဖွားဆရာမ ဒေါ်မာမာခိုင်နှင့် ဝန်ထမ်းများကလည်းကောင်း၊ အလားတူ တကူတိုက်နယ် ဆေးရုံတွင် တာဝန်ခံ ဆရာဝန်ဒေါက်တာ ဖြိုးမြင့်ကြည်နှင့်ဝန်ထမ်းများကလည်းကောင်း အသက်(၁၈)နှစ်ပြည့်ပြီး သူများအား တရုတ်နိုင်ငံထုတ် (Sinopharm) (COVID-19) ရောဂါ ကာကွယ်ဆေးဖြင့်(ပဥ္စမ)အသုတ် ဒုတိယအကြိမ်အဖြစ် အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူ(၆)ဦး၊ စျေးသည် (၁)ဦး၊မှီခို(၄)ဦး၊ပေါင်း(၁၁)ဦး၊(ဆဋ္ဌမ) အသုတ် ဒုတိယအကြိမ် အဖြစ် အခြားဝင်ငွေရရှိသောလုပ်ငန်းလုပ်ကိုင်သူ(၂၅)ဦး ၊မှီခိုသူ (၁၄)ဦးပေါင်း(၃၉)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပူပြင်းခြောက်သွေ့သော ရာသီ၌ မီးဘေး အန္တရာယ် မဖြစ်ပေါ်စေရေး အသိပေးနှိုးဆော်ခြင်းကို ​ယမန်နေ့ညနေပိုင်းက ငွေဆောင်မြို့ပေါ်ရှိ ရပ်ကွက်(၄)ခုနှင့်ကျေးရွာများသိုသွားရောက်၍အသိပေးဆောင်ရွက်ခဲ့သည်။

ချောင်းသာမြို့ ဘုတ်ဆုံမအခမဲ့ ပညာဒါနကျောင်းဆောင်၌ ဦးစားပေး ဦးတည်အုပ်စုများအား ကာကွယ်ဆေးထိုးနှံပေး

ချောင်းသာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ဘုတ်ဆုံမအခမဲ့ ပညာဒါနကျောင်းဆောင်၌ ယနေ့ နံနက် ၈ နာရီက ဦးစားပေးဦးတည်အုပ်စုများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးရန်ပုံငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ ကြိမ်ပင်ဆယ် ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ကယ်ဆယ် ရေး ရန်ပုံငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆင်ထုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

ပန်းတနော်မြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
Subscribe to