ပင်လောင်းမြို့နယ်တွင် သတ္တမအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆေး ထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက် ၁၈ နှစ်မှ အသက် ၆၅ နှစ်ကြားပြည်သူများအား ဦးစားပေးအုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခဲ့ဖူးခြင်းမရှိသည့် ပြည်သူများအား သတ္တမအသုတ် ပထမ အကြိမ်ဆေး ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုး စုရပ်များ အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ဧရာဝတီမြစ်အတွင်း ရပ်နားထားသည့် သဲကျောက်တင်ဆောင်သည့် သင်္ဘောပေါ်သို့ ဒီဇယ်ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ အမှတ် (၅)ရပ်ကွက် ဧရာဝတီမြစ် အလယ်ခန့်တွင် ရပ်နားထားသည့် သဲကျောက်တင်ဆောင်သည့် သင်္ဘောပေါ်သို့ ဒီဇယ်ဆီ ဖြည့်နေစဉ် ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ဓါတ်ဆီ ဟွန်ဒါအပေါ့စားစက် ဆီယိုဖိတ်၍ အပူလွန်ကဲပြီး ဆီဖြည့်သည့် မော်တော် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မြောက်ဦးမြို့ပေါ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron) ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့ စက်ဖြင့် အသိပညာပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မိဘပြည်သူများကို ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို အသိပညာပေးနှိုးဆော်ခြင်းများကို

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၁၆၀၀ဂါလံလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော တောင်ဇင်းအုပ်စု ကောင်းပင်စည်ကျေးရွာ တဲဘုံမတဲတိုက်သို့  ဖေဖော်ဝါ ရီ ၂၇ရက်၊နံနက် ၉နာရီ အချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက် ၊ နံနက် ၈ နာရီက ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် အနောက်ကိုင်းကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ ကလေး အလုပ်သမား ပပျောက်ရေး အသိပညာပေး ဆွေးနွေးခြင်း Talk Show ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် တောင်ငူခရိုင်အလုပ်ရုံနှင့် အလု်ပသမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးခြင်း Talk Showကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တိုက်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က အ.ထ.က(တိုက်ကြီး) ကျောင်း အနော်ရထာခန်းမ၌ ​​ ကျင်းပပြု လုပ်သည်။

မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ပိုစတာများmask များပြည်သူများလက်ဝယ် ဖြန့်ချိခြင်းများကို ကူးစက်မှုလျော့နည်းစေရန် ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ လူစည်ကားရာဈေးအနီးရှိလမ်းစုံမီးပွိုင့်များတွင် ကိုဗစ် ၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါကူးစက်ပျံ့နှံမှု ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးဗီနိုင်းပိုစတာများ၊ maskများ  ပြည်သူများလက်ဝယ် ဖြန့်ဝေခြင်းများကို ယနေ့နံနက် (၈)နာရီအချိန်က နှိုးဆော်ဆောင်ရွက်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်ရှိ မီးဘေးသင့်ပြည်သူများအား ငွေနှင့်အသုံးအဆောင်ပစ္စည်း များလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကြအိုကျေးရွာအုပ်စု၊မြောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ရက်၊ နံနက် ၁၀နာရီ ၁၀မိနစ်အချိန်ကမီးလောင်ကျွမ်းခဲ့သည့် အိမ်ထောင်စုများအတွက် ညောင်ဦးမြို့နယ် တောင်ဘီလေးကျေးရွာအုပ်စုရှိ ကျေးရွာများစုပေါင်းကာ ဖေဖော်ဝါရီ ၂၇ရက်၊ နံနက် ၁၀နာရီအချိန်က ငွေနှင့်အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ ကြောင်းသိရသည်။
Subscribe to