ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်အဆင့် မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျင်းပ

ချမ်းအေးသာစံမြို့နယ်တွင် တာဝန်ထမ်း​ဆောင်ခဲ့ကြပြီး သက်ပြည့်အငြိမ်းစားယူပြီးသွားသော မြို့နယ်ပညာရေးမှူးများ၊ လက်ထောက်မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား မြို့နယ်အဆင့် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့နယ်တွင် အဓိကသီးနှံ ၁၀ မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများထံ ကွင်းဆင်းစစ်တမ်းကောက်ယူ

စစ်ကိုင်းမြို့နယ်တွင် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် နည်းပညာနှင့် သွင်းအားစုများကို အချိန်နှင့်တပြေးညီ ပံ့ပိုးလျှက်ရှိရာ ယခုအခါ မြို့နယ်အတွင်းရှိ ပန်းတိုင်အထွက်နှုန်းသက်မှတ်ထားသည့် သီးနှံများထဲမှ ပန်းတိုင်ပြည့်မှီရန် ကျန်ရှိနေသည့် သီးနှံများအား ပန်းတိုင်ရည်မှန်းချက်၊ ထွက်နှုန်း မပြည့်မှီရခြင်း အကြောင်းအရာများကို စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများမှ   နယ်မြေကွင်းဆင်း၍  တောင်သူများထံမှ   စစ်တမ်းများကောက်ယူလျှက်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် မီးသတ်စခန်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းနှင့် မီးသတ်ဆေးဘူးလက်တွေ့သရုပ်ပြ ငြှိမ်းသတ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ခြင်းနည်းစနစ်များသင်ကြားခြင်းနှင့် လက်တွေ့သရုပ်ပြ ငြှိမ်းသတ်ခြင်းများ‌ကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သစ္စာအဓိဋ္ဌာန်သမိုင်းဝင် ရွှေစာရံစေတီတော်မြတ်ကြီး ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရေး ဆရာတော်ကြီးများ၏ ဩဝါဒခံယူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ သစ္စာအဓိဋ္ဌာန် သမိုင်းဝင်စေတီတော်မြတ်ကြီးသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးတော်မူခဲ့၍ ရှေးမူမပျက် ပြန်လည်တည်ဆောက်နိုင်ရေး ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါဘုရားဝန်း၌ကျင်းပရာ  မြို့နယ်တွင်းရှိ ပဓာနနာယက ဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဦးဥတ္တမနှင့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော် ပျော်ဘွယ်မြို့နယ်၌ မဲပေးစက်များပြင်ဆင်ထားမှု မဲရုံများပြင်ဆင်ထားမှုတို့အား ကြည့်ရှုအားပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် ယမန်နေ့ နေ့လယ် ၁၂ နာရီက ပျော်ဘွယ်မြို့သို့ရောက်ရှိပြီး မဲပေးစက်များထိန်းသိမ်းထားမှု၊ မဲရုံများပြင်ဆင်ထားမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုခဲ့သည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးလယ်ဝေးမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးနေမှုများအား ကြည့်ရှုအားပေး

၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဒီဇင်ဘာ ၁၈ ရက်မှစ၍ ကြိုတင်ဆန္ဒမဲပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လာရောက်ကြည့်ရှုအားပေးသည်။

ဘားအံမြို့ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ(တတိယအပတ်) ပါဝင်ဆင်နွှဲကြသူများစည်ကား

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ တတိယအပတ်ကို ယမန်နေ့ နံနက် ၅ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများအိမ်ရာရှေ့တွင် စုရပ်ထား၍ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒီဇင်ဘာလူထုအားကစားလ တတိယပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ၊ ဆောင်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူတွေ့ဆုံပွဲတက်ရောက်

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီးကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအားလူထုလှုပ်ရှားအားကစားလအဖြစ်သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်းစုပေါင်းလမ်းလျှောက်ပွဲကိုပြုလုပ်လျက်ရှိပြီး ပြည်ထောင်စနယ်မြေ နေပြည်တော် ပျဉ်မနားမြို့၌လည်း ဒီဇင်ဘာလူထုအားကစားလတတိယပတ်စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါင်းလောင်းအားကစားကွင်းရှေ့၌ပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့၌ အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်း၌ အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီချိန်က အဆိုပါကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကသာမြို့တွင် ကြိုတင်မဲပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တက္ကသိုလ်/ကော်လိပ်များသို့ သွားရောက်ကျောင်းတက်ကြမည့် ကျောင်းသား/ကျောင်းသူများ၊ မဲရုံများတွင်တာဝန်ထမ်းဆောင်ကြမည့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ခရီးသွားလာကြမည့် ဒေသခံပြည်သူများ ကြိုတင်မဲပေးခြင်းကို ယနေ့နံနက်(၈)နာရီမှစတင်၍ သက်ဆိုင်ရာရပ်ကွက်များရှိ သက်မှတ်မဲရုံများတွင် လက်ခံဆောင်ရွက်လျက်ရှိသည်။
Subscribe to