သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ မြန်အောင်တွင်ဖြန့်ဝေ

မြန်အောင် ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဦးဆောင်မှုဖြင့် ယနေ့နံနက်က မြန်အောင်နေခြည်‌ဈေးရှေ့၌ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ စုပေါင်းဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသူမောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များက မြန်အောင်နေခြည်ဈေးရှေ့တွင်ဈေးရောင်းဈေးဝယ် ပြည်သူများ၊ ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေးလက်ကမ်း စာစောင်(၉)မျိုး၊ စောင်ရေ(၅၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြေပြိုဘေးအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ ရေဘေးအတွက်ကြိုတင်ပြင် ဆင်ရန်များ၊ မိုးခေါင်ရေရှားဘေး အတွက်ကြိုတင်ပြင်ဆင်ရန်များ၊ လျှပ်စီးလက်ခြင်း၊မိုးကြိုး ပစ်ခြင်းအသိ ပညာပေး၊ လေပြင်းဘေးအတွက်ကြို တင်ပြင်ဆင်ရန်များ၊ မိုးကြိုးဘေးအတွက် ပြင်ဆင်ရန်များ၊ မုန်တိုင်းဘေးအတွက်ကြိုတင်ပြင် ဆင်ရန်များ၊ မီး‌ဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးနှင့် ဆူနာမီအတွက်ပြင်ဆင်ရန်များစသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)