တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသတ္တမနေ့ကို ဇွန်လ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

နတ်တလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ကျောင်းကုန်းမြို့၌ မြို့နယ်အဆင့် ကျောင်းအခြေပြုကျန်းမာရေး အသိပညာ မြှင့်တင်မှုသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ မြို့နယ်အဆင့် ကျန်းမာရေးအသိပညာမြှင့်တင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၃ ရက်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ကျုံပျော်မြို့နယ်၌ ကောက်ရိုးမှို လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနား ပြုလုပ်

က်ပျိုးရေးကဏ္ဍ တိုးတက်ပြီး ပြည်သူများ ဝင်ငွေတိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ မှိုစိုက်ပျိုးထုတ်လုပ်မှုသင်တန်းနှင့် စင်ဖြင့်ကောက်ရိုးမှို လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ဇွန်လ  ၁၃  ရက် နံနက်  ၈ နာရီက ပြုလုပ်သည်။

အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားရရှိ‌ပြီး စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအရောက် စာအုပ်များ သွားရောက်‌ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့တွင် အင်းစိန်မြို့နယ်‌ သစ်တောဦးစီးဌာနရုံးရှိ ဝန်ထမ်းများနှင့် အ.ထ.က (၄) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများထံသို့ သွားရောက်ပြီး သုတ/ ရသစာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ "ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး" လှည့်လည်အသိပေးနိုးဆော်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊" ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး" လှည့်လည်အသိပေး နိုးဆော်ပေးခြင်းကို မေ ၂၀ ရက်နေ့နံနက် (၈) နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့မှစတင်၍ မြို့အတွင်း  ဆောင်ရွက်ခဲ့သည်။

ကျောင်းကုန်းမြို့၌ ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ဇွန် ၁၄ ရက်နေ့နံနက် ၉း၃၀ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

မူဆယ်မြို့တွင် Placement Test (အထူး)စာမေးပွဲ ဖြေဆိုလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့် ကျောင်းနေအရွယ်ကလေးများအတွက် Placement Test(အထူး)စာမေးပွဲကို ယမန်နေ့ နံနက်(၉)နာရီမှစ၍ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်းရှိ စာစစ်ဌာနများတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာကုန်စည်ဒိုင်ရှိ ကုန်သည်၊ ပွဲစား၊ စက်ပိုင်များနှင့် တွေ့ဆုံပွဲ ကတ်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်များ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာကုန်စည်ဒိုင်ရှိ ကုန်သည်၊ ပွဲစား၊ စက်ပိုင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင်ကိုကို ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှကျင်းပသည့် ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသခြင်းကို ယနေ့နံနက် (၇)နာရီက We Love Magway အနီး ညဈေးတန်းတွင်ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်‌တော်များ တက်ရောက်ကြည့်ရှုအားပေးသည်။
Subscribe to