ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်) စာမေးပွဲ ဒုတိယနေ့ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့် အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းနေအရွယ်ကလေးများအား အသက်အရွယ်သတ်မှတ်ထားသည့်အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် ၂၀၂၆ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)ဖြင့် စာမေးပွဲများကိုကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း ကျောင်း(ဂန့်ဂေါ)စာစစ်ဌာနတွင် စာမေးပွဲဒုတိယနေ့ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြင့် ဖြေဆိုလျက်ရှိကြသည်။

မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ကျောက်ဆည်မြို့၌ ကျင်းပလျက်ရှိသည့် Placement Test (အထူး)စာမေးပွဲအား ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြားရေးမျူးချုပ် ဒေါက်တာစိုးမြင့်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပလျက်ရှိသည့် Placement Test (အထူး) ရေးဖြေစာမေးပွဲကို ယနေ့နံနက်က ကြည့်ရှုအားပေးခဲ့ပြီး အခက် အခဲမရှိစေရေး လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်နယ်၏လျှပ်စစ် ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်‌ကောင်းမွန်စေရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် ဝန်ဆောင်မှု အရည်အသွေးမြှင့် တင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်သည် ယနေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။

ပုလောမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင် ပြသခြင်းကို ဇွန် ၁၆ ရက်နေ့ နံနက် (၁၀) နာရီက ပုလောမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

မူဆယ်မြို့ မူလွန်(စွမ်စော်)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မူလွန်(စွမ်စော်)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် သင်တန်း (၄)ခု လျာထားသည့်အနက် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်ပေးခြင်းနှင့် အလုပ်သမားရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီအနေဖြင့် အိမ်တွင်းမှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေကာ ကလေးအလုပ်သမားများ လျော့နည်းပပျောက် စေရေး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း သင်တန်း (၄)ခုလျာ ထားသည့်အနက် ပထမအကြိမ်အဖြစ် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကို ဇွန် ၁၅ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၊ သင်တန်းခန်းမ၌ ဖွင့်လှစ်သည်။

မိတ္ထီလာမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၉ နာရီအက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

မိုင်းရှူးမြို့၌ မြို့နယ်သမဝါယမအသင်းလီမိတက် (၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းလီမိတက်(၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက အမှတ်(၂)ရပ်ကွက်၊ သမဝါယမအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့ အခြေခံပညာမူလတန်းကျောင်း (မြို့မ) ၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း (မြို့မ) ၌ ယနေ့ နံနက် (၉) နာရီက ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မြစ်ကြီးနားမြို့နယ်မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများက မော်ဖောင်းနယ်မြေ (၈)၊ ငါးအိုးကျေးရွာတွင် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဇွန်လ ၁၅ ရက် နံနက်ပိုင်းက  သွင်းအားစုဓာတ်မြေဩဇာနှင့် အောင်နိုင်တိုးမျိုးစပါးများ ပံ့ပိုးပေးအပ်ခဲ့ကြသည်။
Subscribe to