ကလိန်အောင် ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့(၅)ဦး ရွေးချယ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အထက-ပညာရတနာခန်းမ၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်နေပြည်သူ (၅၅)ဦးခန့် တက်ရောက်ခဲ့သည်။
ဦးစွာ မြို့အဆင့် ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့ဝင် မြို့စည်ပင်သာယာရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးမင်းခိုင်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊နည်းဥပဒေ၊ပြင်ဆင်ချက်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် မြို့အဆင့်ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့မှ တာဝန်ရှိသူများက ကြီးကြပ်ရေးရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော အမှတ်(၃) ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ အဆိုပြု ရွေးချယ်မှုအရ ကြီးကြပ်ရေးအဖွဲ့(၅)ဦးကိုစနစ်တကျ ရွေးချယ်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)