မိုင်းရယ် ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြားခွင့်ပြန်လည်ရရှိစေရန် Placement Test စစ်ဆေးခြင်းကို ယမန်နေ့မှစ၍ အခြေခံပညာအထက်တန်းကျောင်း(မိုင်းရယ်)၌ ကျင်းပသည်။
မိုင်းရယ်မြိုနယ်တွင် Placement Test ဝင်ရောက်ဖြဆိုရန် အခြေခံပညာမူလတန်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ စာရင်းရှိ ၂၂ ဦးရှိပြီး ဖြေဆိုပျက်ကွက် ၁ ဦးရှိကြောင်းနှင့် အဆိုပါဖြေဆိုနေမှုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မိုင်းရယ်ပြန်/ဆက်