လဲချားမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ

လဲချား ဇွန် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများတွေ့ဆုံခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဉီးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်အောင်က အဖွင့်နှုတ်ဆက်စကားပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းအက်စ်ကီးမိုးက ဒေသဖွံ့ဖြိုးရေအတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများနှင့် ရပ်/ ကျေးအုပ်ချုပ်ရေးမှုးများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားကာ မိမိဌာနလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးခဲ့ကြပါသည်။

ဆက်လက်၍ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)