ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ အခမ်းအနားမှူး သင်တန်း(၁/၂၀၂၆)ဖွင့်လှစ်

ပုသိမ်     ဇွန်      ၁၆

ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ဦးစီးဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၆)ကို ယနေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့ ကိုးသိန်းအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်က “အခမ်းအနားဆိုသည်မှာသတ်မှတ်ထားသော အချိန်၊ နေရာနှင့် ပုံစံတကျ ဓလေ့ထုံးတမ်းများသိုမဟုတ် နိုင်ငံတော်အဆင့် ရည်ရွယ်ချက်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသော ပွဲများဖြစ်ကြောင်း၊ အခမ်းအနား အောင်မြင် ချောမောစေရေးအတွက် အရေးကြီးဆုံး သည် အခမ်းအနားမှူး (Master of Ceremony)(MC)က ဦးဆောင်စီစဉ်ပေးရသူ များဖြစ်သဖြင့် သင်တန်းမှ ပို့ချချက်များကို အကောင်းဆုံး လေ့လာသင်ယူပြီးအခမ်းအနားများစွာကို ဦးဆောင်ကျင်းပနိုင်သော အခမ်းအနားမှူးကောင်းများဖြစ်အောင် ကြိုးစားသင်ယူကြ‌ စေလို‌ကြောင်း”‌ ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခြေခံပညာကျောင်းများမှ ဆရာမများ စုစုပေါင်း(၁၂၈)ဦး တက်ရောက်ကြပြီး တိုင်းဒေသကြီးပြန်ကြားရးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က “M.C တစ်ဦးတွင်ရှိရမည့်အဓိကအရည်အချင်းများ၊M.C ၏ ရုပ်ပိုင်းဆိုင်ရာ များဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှု၊ အခမ်းအနားမှူးတစ်ဦး ဆောင်ရန်/ရှောင် ရန်များ၊ အသံပိုင်းဆိုင်ရာ၊ မိုက်အသုံးပြုမှု၊ ခန်းမအတွင်း ဆောင်ရွက်သည့် အခမ်းအနားများ၊ ခန်းမပြင်အခမ်းအနားများ” စသည့်  အချက်အလက်များအား ဇွန်လမှ ၁၅ရက်နေ့မှ ၁၇ ရက်နေ့အထိ သုံးရက်ကြာ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)