မြောင်းမြ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလားအသက် (၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြောင်းမြမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာအဓိဌာန် (၄) ချက် ရွတ်ဆိုခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက အားကစားသမားများအား လိုက်လံ နှုတ်ဆက်ခဲ့ပြီး ဘင်ခရာအဖွဲ့အား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် အားကစားအသင်း (၈) သင်းမှ ကစားသမားစုစုပေါင်း (၁၄၄) ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့အဖွင့်ပွဲစဉ်အဖြစ် မုဆိုးကွင်း + ဘုရားငုတ္တို အသင်းနှင့် ကွယ်လွယ်အသင်းတို့ယှဉ်ပြိုင်ကြရာ (၄း၄) ဂိုးဖြင့် သရေရလဒ်ရရှိခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)