ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များမှစစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးရသေးသူများအား ထိုးနှံပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို လျှော့ချနိုင်စေရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက် လျက်ရှိရာ၊ အောက်တိုဘာ(၅)ရက်နေ့မှ နံနက် (၈)နာရီမှစတင်၍ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များ မှ စစ်ဆေးပြီး(ဒုတိယအသုတ်) ပထမအကြိမ် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဆေးထိုး မှတ်တမ်းကောက်ယူ၍ တစ်ပါတည်းထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။