ဟင်ဒွတ်စတာနီဗလီ၌ အစ္စလာမ်ဘာသာဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး

မန္တလေး   အောက်တိုဘာ   ၅

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အစ္စလာမ်ဘာသာဝင်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပုလဲငွေရောင်ရပ်ကွက်၊ အကွက် (၁၅၄)၊ လမ်း ၂၀ နှင့် ၂၁ လမ်းကြား၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ ဟင်ဒွတ်စတာနီဗလီ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျား(၁၂၂)၊ မ(၁၅၀)၊ စုစုပေါင်း(၂၇၂)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ နှာခေါင်းတို့ပတ် ယူစစ်ဆေးပေးကြရာ ပိုးတွေ့ရှိသူမရှိကြောင်း သိရသည်။

အဆိုပါစစ်ဆေးပေးရာသို့ အလ်ဟာဒီစင်တာ(မြန်မာ) ဥက္ကဋ္ဌ ဟာဂျီ ဦးခင်မောင်ဝင်းနှင့် အသင်းဝင်များ၊ ဗလီဂေါပကအတွင်းရေးမှူးဟာဂျီ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)