ကျောက်မဲမြို့တွင်အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့ကျက်သရေဆောင် ခန်းမနှင့် ကွန်ဖြူးရှပ်ကျောင်းတို့၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။