ရမည်းသင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန်အတွက်  ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဦးစားပေးအုပ်စုအလိုက်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံ ခြင်းကို ယနေ့ နံနက်ပိုင်း ရမည်းသင်းမြို့ လက်ဆည်ကန်ကျေးရွာ၌ ထိုးနှံပေးလျက်ရှိသည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သော ပြည်သူများအား နေပြည်တော်ကောင်စီမှ ထောက်ပံ့ဆန်ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သော ပြည်သူများအား နေပြည်တော်ကောင်စီမှ ထောက်ပံ့ဆန်ပေးအပ်ပွဲကို ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။                                                                            

ဒက္ခိဏသီရိမြို့နယ်တွင် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်  နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် (၅၀)နှစ်နှင့်အထက်အသက်ကြီးသူများနှင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ဦးတည်အုပ်စု အလိုက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က (၂၀)အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့သည်။

တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်ကာလအတွင်း ရောဂါကူးစက်ခံရသူများနှင့် အခြေခံလူတန်းစားအိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်ရေး စီမံချက်ကာလအတွင်း ရောဂါပိုးကူးစက်ခံရသူများနှင့် အခြေခံလူတန်းစား အိမ်ထောင်စု (၁၆၅)စုတို့အား ယမန်နေ့က စားသောက်ကုန်ပစ္စည်းများ လိုက်လံထောက်ပံ့ လှူဒါန်းခဲ့သည်။

ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တာဆီးရေး ပိုးသတ်ဆေးများ ပက်ဖျန်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင်      ကိုဗစ်-၁၉ ရောဂါကာကွယ်တာဆီးရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပိုးသတ်ဆေးများ သွားရောက်ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။     

ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီးအောင်မင်းစိန် ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များစုပေါင်း၍ ယနေ့နံနက်(၉)နာရီက အရာရှိ(၅)ဦး၊ အခြားအဆင့်(၁၄)ဦး၊ စာရေးဝန်ထမ်း(၃)ဦး၊ စုစုပေါင်း (၂၂)ဦးမှ  စုပေါင်းသွေးလှူဒါန်းခဲ့ ကြောင်း သိရသည်။

ဆိပ်ကြီး ခနောင်တိုမြို့နယ်နေပြည်သူများအား “ပန်းခင်း” စီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်း ဆက်လက်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ မြို့နယ်နေပြည်သူများအား “ပန်းခင်း” စီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီကခနောင်တို အနောက် ရပ်ကွက်ရုံးတွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိသည်။

ကျောက်တန်းမြို့နယ်တွင် စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၌ စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sonovac) ဒုတိယအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီက သတ်မှတ်နေရာ ၃ နေရာ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားဝတ်နေရေး အထောက်အကူ ဖြစ်စေရန် နှင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရန် ရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စီစဉ်မှုဖြင့် အခြေခံ စားသောက်ကုန်များကို ဈေးကားများဖြင့် ဈေးနှုန်းသက်သာစွာ လှည့်လည် ရောင်းချပေးလျက် ရှိသည်။
Subscribe to