မြိုင် အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ ပြည်သူ့ဆေးရုံတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နေသော ZOY30 အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု လုပ်ငန်းမှာ ယနေ့တွင် ၉၀ ရာနှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီနှင့် ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်းကာ ဒေသခံပြည်သူများ၏ အောက်ဆီဂျင် အရေးပေါ် လိုအပ်မှုများကို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည်။
တည်ဆောက်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက တစ်နာရီလျှင် အောက်ဆီဂျင် ၄၀ လီတာအိုး (၅)လုံးထွက်ရှိမည်ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများနှင့် ပြည်သူများ၏ ကျန်းမာရေး အရေးပေါ် အခြေအနေများကို အလွယ်တကူ ကူညီဖြေရှင်းပေးနိုင်ရန် တည်ဆောက်မှု လုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက် သွားမည်ကြောင်း သိရသည်။
သူရ(ပုံတောင်)