မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်(အုပ်စုများမှ ပြည်သူများ) ၅၆၀ ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ်(ပထမအကြိမ်)ထိုးနှံပေး

မုံရွာ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများမှ ပြည်သူများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ တက္ကသိုလ် ဓမ္မာရုံတွင် ကျား(၃၅)ဦး၊ မ(၈၀)ဦး၊ ပေါင်း(၁၁၅)ဦး၊ အမက(၂၉)၊ မုံရွာတောင်ရပ်ကွက်တွင် ကျား(၃၃)ဦး၊ မ(၅၇)ဦး၊ ပေါင်း(၉၀)ဦး၊ ရွှေစည်းခုံသာသနာ့ဗိမ္မာန်တော်တွင် ကျား (၇၃)ဦး၊ မ(၁၁၂)ဦး၊ ပေါင်း(၁၈၅)ဦးနှင့် အထက(၂)တွင် ကျား(၆၉)ဦး၊ မ(၁၀၁)ဦး၊ ပေါင်း(၁၇၀)ဦး  စသည့် သတ်မှတ်နေရာ(၄)ခုတွင် ကျား(၂၁၀)ဦး၊ မ(၃၅၀)ဦး၊ ပေါင်း(၅၆၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို   မုံရွာမြို့နယ်အတွင်းမှ ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ စနစ်တကျ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)