မန္တလေး အောက်တိုဘာ ၅
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပုလဲငွေရောင်ရပ်ကွက်၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ ၈၆ လမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူလူထုအခြေပြုဗဟိုဌာန (Community Centre) တွင်ကျင်းပသည်။
အသိပညာပေးဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေး မသန်စွမ်းသက်ငယ် သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်ဝင်းအောင်နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းဦးတို့က ဆွေးနွေးကြသည်။
အဆိုပါအသိပညာပေး ဆွေးနွေးရာတွင် မသန်စွမ်းသူများနှင့် မသန်စွမ်းအမျိုးအစားများအကြောင်း၊ မသန်စွမ်းသူများနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ပေးမှု အခြေအနေများအကြောင်း၊ မသန်စွမ်းသူများအား လက်ခံပြုစုစောင့်ရှောက်ပေးသည့် နည်းလမ်းများအကြောင်း၊ မသန်စွမ်းသူများအား ထောက်ပံ့ပေးမှုအခြေအနေများအကြောင်းနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများအကြောင်းကို ပြည်သူများသိရှိစေရန်အတွက် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)