ကျောက်ပန်းတောင်း အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို လျှော့ချနိုင်စေရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက် လျက်ရှိရာ၊ အောက်တိုဘာ(၅)ရက်နေ့မှ နံနက် (၈)နာရီမှစတင်၍ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များ မှ စစ်ဆေးပြီး(ဒုတိယအသုတ်) ပထမအကြိမ် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဆေးထိုး မှတ်တမ်းကောက်ယူ၍ တစ်ပါတည်းထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့နည်းကျဆင်းစေရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို အစုအဖွဲ့များခွဲကာ၊ တိုက်နယ် အလိုက်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးခြင်း၊ Mobile Team များဖွဲ့စည်း၍ ကျေးရွာအုပ်စုများအရောက် လှည့်လည်ထိုးနှံခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျှက်ရှိရာမှ၊ အောက်တိုဘာ(၅)ရက်နေ့ မှစတင်၍ မြို့ပေါ်သို့ လာရောက်မည့်သူများအား မြို့အဝင်စစ်ဆေးရေးဂိတ်မှ စစ်ဆေး၍ (ဒုတိယအ သုတ်) ပထမအကြိမ် ကာကွယ်ဆေး မထိုးနှံရသေးသူများကို၊ ချက်ချင်း ကျန်းမာရေးစစ်ဆးမှုများပြုလုပ်၍ ဆေးထိုးမှတ် တမ်းရေးသွင်းကာ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း ကို မြို့ပေါ်စုရပ်များနှင့် Mobile Team အဖွဲ့များဖြန့်ခွဲထိုးနှံခြင်းကိုလည်း ပုံမှန်ဆောင်ရွက်လျှက်ရှိပြီး၊ ယခု မြို့အဝင်/အထွက် ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း ကျောက်ပန်း တောင်း-မိတ္ထီလာလမ်းမှ မြတ်နိုးသူစစ်ဆေးရေးဂိတ်နှင့်ကျောက်ပန်းတောင်း- ရေနံချောင်းလမ်းမှ ကောင်းမွန်စစ်ဆေးရေးဂိတ်(ပိနှ္နှဲတောကျေးရွာ)တို့တွင် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)