ညောင်ဦးမြို့ခရိုင် ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးမှ တက်ရောက်ကုသနေသည့် ကိုဗစ် -၁၉ ရောဂါလူနာ ပြန်လည်ကျန်းမာလာသဖြင့် ၂၁၁ဦး ဆေးရုံးမှဆင်း

ညောင်ဦး အောက်တိုဘာ  ၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ကုတင် ၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင်တက် ရောက်ကုသ နေသော ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ကျား ၁၀၇ ဦး၊ မ၁၀၄ဦး ကျန်းမာရေးကောင်းမွန်သဖြင့် အောက်တိုဘာလ ၅ ရက်နေ့ နံနက်၈နာရီခွဲအချိန်က ဆေးရုံဆင်းခွင့်ပြုခဲ့ကြာင်း ညောင်ဦးခရိုင်၊ ခရိုင်ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းထံကသိရ သည်။

ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ၍တက်ရောက်ဆေး ကုသမှုခံယူ နေသော ညောင်ဦးမြို့နယ်မှ ၂၁၁ ဦးအားကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဆေးရုံဆင်းခွင့်ပြုရာ၌ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ညောင်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်တို့က အားပးစကားပြောကြားပြီး ကြက်ဥ၊ Mask ဘူးနှင့်အချို ရည်ကတ်များလက်ဆောင်ပေးအပ်သည်။ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၁၁ ဦးအား မိမိတို့ အိပ်ပြန်လည် ရောက်ရှိသည့်အခါ Home Quarantine ခုနှစ်ရက်နေထိုင် ရမည်ဖြစ်ကာ မိမိတို့အသုံးအဆောင်များ တပါးသူမသုံးစေပဲသီးသန့် နေထိုင်သုံးစေရေးတို့အား ဒေါက်တာ အောင်မြင့်ထွန်းကဆက်လက်မှာကြားသည်။

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ဆေးကု သမှုခံယူနေသူ ၃၆ ဦးရှိနေသေးပြီး ကိုဗစ်-၁၉ ရောဂါဖြင့်ကျား ၅၁ ဦး၊မ ၆၆ ဦး သေဆုံးကာ ကျန်းမာရေးကောင်းမွန်သဖြင့် ၂၁၁ ဦး ဆေးရုံကြီးမှဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်းသိရကာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၃၆၄ ဦးရှိကြောင်းသိရသည်။

ကိုထိန်၊KPD