နတ်မောက်မြို့ မြို့မအုပ်စု မြို့မကွင်းတွင် မြေပဲသီးနှံသဘာ၀ မြေဩဇာနှင့် ဓါတ်မြေဩဇာတို့၏ တုန့်ပြန် အကျိုးသက်ရောက်မှုနှုန်းထား စမ်းသပ်ကွက်စိုက်ပျိုး

နတ်မောက်  အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ မြို့မအုပ်စု မြို့မကွင်းတွင် နတ်မောက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူပူးပေါင်း၍ မြေပဲသီးနှံသဘာ၀ မြေဩဇာနှင့် ဓါတ်မြေဩဇာတို့၏ တုန့်ပြန် အကျိုးသက်ရောက်မှု နှုန်းထား စမ်းသပ်ကွက် စိုက်ပျိုးထားလျက်ရှိသည်။

ထိုသို့စိုက်ပျိုးထားသည့် တောင်သူဦးကြည်ထွန်း၏ () ဧကစိုက်ခင်းတွင် မကွေး(၁၆) မြေပဲမျိုး စိုက်ပျိုးထားပြီး သဘာ၀မြေဩဇာနှင့် ဓာတ်မြေဩဇာသုံးစွဲခြင်းနှင့် ဓာတ်မြေဩဇာ တစ်မျိုးထဲ သုံးစွဲခြင်းယှဉ်ပြိုင် စမ်းသပ်ကွက်အား တောင်သူများ လေ့လာသိရှိစေရန် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနနှင့် တိုင်းမြေ အသုံးချရေးဌာနခွဲတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ် အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ ဓာတ်မြေဩဇာသုံးစွဲခြင်းဖြင့် ရရှိလာသည့် အကျိုးရလဒ်များကို လက်တွေ့သိရှိစေရန်အတွက် စမ်းသပ်ကွက်များ စိုက်ပျိုးရတာဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

သင်းသင်းမြတ်