ငါ့သရောက်မြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျှက်ရှိ

ငါ့သရောက်၊ အောက်တိုဘာ-၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့အတွင် ရှိ ရပ်ကွက်/ကျေးရွာများမှ ကာကွယ်ဆေးထိုးရန်ကျန် ရှိနေသော အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများကို၊ မြို့ပြည်သူ့ ဆေးရုံတွင် စက်တင်ဘာ(၂၂)နေ့ရက်မှစတင်၍ နေ့စဉ်ထိုးနှံ ပေးလျှက်ရှိရာ၊ အောက်တိုဘာ (၅)ရက်နေ့အထိ လူဦးရေ(၆၁၈၆)ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်းနှင့် ဆက်လက်ထိုးနှံပေးလျှက်ရှိ ကြောင်းသိရသည်။

ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ ပူးပေါင်းပါဝင်မှုဖြင့် ဆေးထိုးစုရပ်များဖြစ်သော ငါ့သရောက်မြို့ပြည်သူ့ဆေးရုံ၊ ဖလန်ကန်(အ.ထ.က-ခွဲ)၊ စက်စက်ယို ကျန်းမာရေးဌာနတို့တွင် အစုအဖွဲ့လိုက် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိနေသည့် ပြည်သူများနှင့် ဝန်ထမ်းမိသားစုများအား ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်ပေး လျှက်ရှိကြောင်းသိရသည်။

အေးအေးမိုး(ပြန်/ဆက်)