အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် ကျေးလက်နေပြည်သူလူထု၏ အခြေခံသစ်တောထွက် ပစ္စည်းများ ဖြည့်ဆည်းပေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေ ပြည်သူလူထု ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် သစ်တောထွက်ပစ္စည်းများဖြည့်ဆည်းပေနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံကြရန် လိုက်လံနှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံကြရန် နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၃၄၁၅)ဦး ထိရှိလာပြီး (၃၁၇၅)ဦး ဆေးရုံဆင်းခွင့်ရရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ထိ အတည်ပြုလူနာ (၃၄၁၅)ဦး ထိရှိလာပြီး (၃၁၇၅) ဦး ဆေးရုံဆင်းခွင့် ရရှိပြီးကြောင်း မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့် အချက်များ ပြည်သူများသိရှိစေရန် လှည့်လည်အသိပေးနှိုးဆော်နှင့် (Mask) များ အခမဲ့ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မိုးကောင်းကျေးရွာအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလိုက်နာ ဆောင်ရွက်ရမည့်အချက်များ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်

မန့်ဟီးရိုးမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစားကို ဆက်လက်ထိုးနှံပေးလျက်ရှိ                                       

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစားကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံထဲသာရှိသည့် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် ၉မျိုး အနက် ခုနစ်မျိုးမှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်ရှိနေ

ကိုဗစ်-၁၉ရောဂါ ကာလအလွန် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်လာရောက်ကြမည့် ခရီးသွားပြည်သူများနှင့်ငှက်ချစ်သူများ၊ ရှားပါးငှက်လေ့လာချင်သူများ၊အတွက် ကမ္ဘာပေါ် တွင် မြန်မာတစ်နိုင်ငံထဲမှာသာရှိသည့် မြန်မာ့ဒေသမျိုးရင်း ရှားပါးငှက် ၉ မျိုးဖြစ်သည့် စွေ့ငှက်၊ ဘီလုံးငှက်၊ငှက်မင်းသားဝမ်းဖြူ၊ ဧရာဝတီဗွတ်ချွဲ၊ ချိုးလင်းပြာ၊နဖားကြူးအမြီး ဝိုင်း၊ငှက်လက်မမြီးရှည်ညို၊မျက်ခုံးဖြူငှက်ပြာခြောက်၊ မြန်မာ့တစ်ငှက် အစရှိသောငှက် ၉ မျိုးတို့သည် မြန်မာတစ်နိုင်ငံထဲမှာသာရှိပြီး ငှက်ချစ်သူများ၊ငှက်ဝါသနာရှင်များနှင့်သတ္တ ဗေဒကျောင်းသား၊ကျောင်းသူများ၊လာရောက်လေ့လာနိုင်ပြီး တစ်ကမ္ဘာလုံးမှငှက်ချစ်သူ များ၊ ငှက်လေ့လာလိုသူများ စိတ်ကျေနပ်မှုရရှိစေမည့် ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေး မှုဇုန်ခရီးစဉ်အတွင်း ရှားပါးငှက်မျိုးစိတ် ၇မျိုးကိုလေ့လာနိုင်ကြောင်း သစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်ကရှင်းပြသည်။

နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျစေရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်း အရှိန်အဟုန်မပြတ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ယမန်နေ့ ညနေ ၄ နာရီ အချိန်စ၍ မြို့ပေါ်ရပ်ကွက်နှင့် ကားလမ်းမကြီး တစ်လျှောက်သို့ သွားရောက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်ခဲ့ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။

နောင်ချိုမြို့နယ်တွင် ၂၀၂၀ ခု ပထမ ၃ လပတ် အတွက်  ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊  နောင်ချိုမြို့နယ်တွင်   ၂၀၂၀-၂၀၂၁ ခုနှစ်ပထမ ၃ လ ပတ် အတွက် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ယမန်နေ့ကထောက်ပံ့ ပေးအပ်ခဲ့ရာ တစ်ဦးအတွက် တစ်လလျှင် (၁၅၀၀၀/) နှုန်းဖြင့် (၃)လ တစ်ကြိမ် (၄၅၀၀၀/)ကျပ်လေးသောင်းငါးထောင်တိတိကို ထောက်ပံ့ပေးခဲ့ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။
Subscribe to