ရေနံချောင်းမြို့နယ် ဆားတိုင်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေး
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ဦးစီးမှူး ရုံးဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ အခမဲ့ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆားတိုင်ကျေးရွာအခြေခံပညာမူလတန်း ကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ပေးရာ ဒေသခံပြည်သူ ၁၁၅ ဦးကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။