နောင်ချိုမြို့နယ်တွင် ၂၀၂၀ ခု ပထမ ၃ လပတ် အတွက်  ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ပေးအပ်

နောင်ချို    အောက်တိုဘာ    ၆  

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊  နောင်ချိုမြို့နယ်တွင်   ၂၀၂၀-၂၀၂၁ ခုနှစ်ပထမ ၃ လ ပတ် အတွက် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ယမန်နေ့ကထောက်ပံ့ ပေးအပ်ခဲ့ရာ တစ်ဦးအတွက် တစ်လလျှင် (၁၅၀၀၀/) နှုန်းဖြင့် (၃)လ တစ်ကြိမ် (၄၅၀၀၀/)ကျပ်လေးသောင်းငါးထောင်တိတိကို ထောက်ပံ့ပေးခဲ့ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

နောင်ချိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် နောင်ချိုမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် (၁၅၂၈)ဦး၊ ကလေးသူငယ် (၁၃၇၇)ဦး စုစုပေါင်း (၂၉၀၅)ဦးတို့အား (၄)ကြိမ်ခွဲ၍ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ယခု အကြိမ်ထောက်ပံ့မှုသည် ၂၀၂၀-၂၀၂၁ ခုနှစ် ပထမ ၃ လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအ တွက် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)