နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျစေရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်း အရှိန်အဟုန်မပြတ်ဆောင်ရွက်

နောင်ချို   အောက်တိုဘာ   ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ယမန်နေ့ ညနေ ၄ နာရီ အချိန်စ၍ မြို့ပေါ်ရပ်ကွက်နှင့် ကားလမ်းမကြီး တစ်လျှောက်သို့ သွားရောက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလမ်းညွှန်ချက်များအား လိုက်နာကြရန်၊ မဖြစ်မနေအရေးကြီး ကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ရန်၊ အတတ်နိုင်ဆုံးအိမ်တွင်း၌သာနေထိုင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ၆ပေအကွာမှ နေထိုင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြဉ်ကြရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း၊ ထိတွေ့ပြီးတိုင်းလက်ကိုဆပ်ပြာဖြင့်စက္ကန့်၂၀ကြာအောင် ဆေးကြောကြရန်၊ မိမိတို့၌ရောဂါပိုး ရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှု ခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါကူး စက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးနိုင်ရေး အတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးကကိုယ်စီလိုက်နာကြပြီးပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော်ချက်များကို အသံချဲ့ စက်ဖြင့်လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)