ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးမည့်နေရာ ပြောင်းလဲမှုအား အသံချဲ့ စက်ဖြင့် လိုက်လံအသိပေး

ညောင်ဦး  အောက်တိုဘာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသည့် ပြောင်းလဲ ထိုးနှံမည့် နေရာများကို ပြည်သူများသိရှိစေရန်အတွက် ယမန်နေ့ ညနေ ၃ နာရီအချိန်နှင့် ယနေ့နံနက် ၆ နာရီအချိန်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် နေရာများအား ညောင်ဦးခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဝန်ထမ်းများအသံချဲ့စက်ဖြင့် ကျေးရွာ/ရပ်ကွက်များသို့ လိုက်လံ အသိပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား ညောင်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ထိုးနှံပေးခဲ့ရာမှ ယခုအခါ ရွှေစည်းခုံ ဝေဇယန္တာဗိမ္မာန် တော်ကြီးတွင် ပြည်သူများ အလွယ်တကူ ထိုးနှံနိုင်ကြရန် ရွေ့ပြောင်း ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရော ဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို ဦးစားပေး အစီအစဉ်အလိုက် အဓိကအလေး ထားဆောင်ရွက်လျက်ရှိရာ ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်မှ ၅၉ နှစ်၊ အသက် ၆၀ နှစ်မှ အသက် ၆၉နှစ်နှင့် အထက်၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် မကူး စက်နိုင်သော ရောဂါရှိသူများအား လည်းကောင်း၊ ပထမအကြိမ် Sinopham ဆေးထိုးပြီး ဒုတိယ အကြိမ်ဆေးထိုးရန် ကျန်ရှိသူများအား လည်းကောင်း၊ ယနေ့တွင်လည်း  နံနက် ၉ နာရီအချိန်မှစတင်ပြီး ရွှေစည်းခုံဘုရား ဝေဇယန္တာတန်ဆောင်း၊ ပုဂံအထက၊ တောင်ဇင်းအထက၊ ငါ့သရောက်တိုက်နယ်ဆေးရုံ တို့တွင် ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူများ သိရှိနိုင် စေရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်း သူထံက သိရသည်။

ကိုထိန်၊KPD