မန့်ဟီးရိုးမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစားကို ဆက်လက်ထိုးနှံပေးလျက်ရှိ                                       

မန့်ဟီးရိုး အောက်တိုဘာ  ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစားကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharmကို မန့်ဟီးရိုးမြို့အတွင်းရှိ ကျေးလက်နေဒေသခံပြည်သူပေါင်း(၂၀၀၀) ကျော်ကို ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ ကျန်းမာရေးဌာနမှ ဆရာမဒေါ်ခေါန်မိုင်နှင့်အဖွဲ့က ထိုးနှံပေးခဲ့ကြောင်း သိရသည်။       

အဆိုပါ Sinopharm အမျိုးအစား ကာကွယ်ဆေးအား မထိုးနှံမီ ဆေးထိုးရန်လာရောက်သည့် ဒေသခံပြည်သူများကို အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ သွေးတိုးနေပါက ခနစောင့် ဆိုင်းစေကာ သွေးပေါင်ချိန်ပြန်လည်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ပေးလျက်ရှိကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်ခေါန်မိုင်၏ ပြောကြားချက်အရ သိရသည်။

စန္ဒာ